ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏ (၂၀ -၂ - ၂၀၂၀)ရက်နေ့ ကုန်စျေးနှုန်းနှင့်အပတ်စဉ်ကာလတူနှိုင်းယှဉ်ချက်

Last Updated:

၂၀ -၂ -၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

 

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင် ( ၁၃--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ၊နှမ်းဖြူ(၂၀၀၀/-)(၅၀၀၀/-)၊နှမ်းဖြူ-‌ရေသွင်း(၁၀၀၀/-)၊ နှမ်းညိုကြား  (၁၀၀၀/-) ကျပ်    စျေးတက်ကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၉၀၀ မှ ၁၂၅၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၁၃--၂၀၂၀ )  ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်ဝါသေး  (၂၀၀၀/-) ၊  ကုလားပဲ (929) ( ၅၀၀/- )  ၊   ကုလားပဲ (HL) ( ၃၀၀/- )  ၊       ပဲစဉ်းငုံ (သစ်) (၁၈၀၀/-)၊   ပဲစဉ်းငုံ (အဟောင်း) (၂၀၀၀/-)၊       မတ်ပဲ (၂၀၀၀/-) ကျပ်   စျေးတက်ပြီး  ပဲတီစိမ်း(၁၅၀၀/-)၊    ပဲနောက် သေး (၁၅၀၀/-)၊ ပဲကြီးဖြူ(၂၀၀၀/-)၊  ပဲကြီးမဲ(၁၅၀၀/-) ပဲထောပတ်(၇၀၀/-)  ၊     ကျပ် စျေးကျကာ   ကျန်ပဲမျိုးစုံစျေး များ  အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၁၃--၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၅၀/-) မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) (၅၀/-)စျေးတက်ကာ မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ ( ၁၃..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၁၀၀/-)ကျပ် စျေးကျကာ မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၁၃.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း)(၂၀၀၀/-)ကျပ်စျေးတက်ပြီး ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

 

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

              ပခုက္ကူ   ကုန်စည်ဒိုင်တွင်    ယခင် (   ၁၃--၂၀၂၀    ) ရက်  စျေးနှုန်း  နှင့်   နှိုင်းယှဉ်ပါက                နှမ်းနက်စမုံပုံမှန်(၃၀၀၀/-)၊ပဲစဉ်းငုံ 2020   (၁၆၀၀/-)၊ကုလားပဲ(929)(၁၀၀၀/-)ကျပ်    စျေးတက် ကာ   ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်း အလဲမရှိဘဲ နှမ်းမျိုးစုံ (၅၀)အိတ်၊ပဲမျိုးစုံ(၂၀၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

 

ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

             ရေစကြိုကုန်စည်ဒိုင်တွင်    ယခင် (၁၃--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက     နှမ်းဆီ (၅၀၀/-) ၊စားအုန်းဆီ (၆၀/-)၊  ပဲလွန်းပြာ(၁၀၀၀/-) ကျပ် စျေးကျပြီး   မတ်ပဲ(၃၀၀၀/-)၊ ကုလားပဲ (929)(၁၀၀၀/-)ကျပ် စျေးတက်ကာ ကျန်ပဲမျိုးစုံ နှင့် နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ် လျက်ရှိပါသည်။